ဈေးကွက်ဈေးနှုန်း

ဖရဲသခွားမွှေးအမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Last Updated:

ဖရဲသခွားမွှေးအမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်စေရန်အတွက် Win rock  အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၂၀-၂၀၂၅ ပို့ကုန်မဟာဗျူဟာ ရေးဆွဲရန် ၂၀၁၉ ခုနှစ် ၊ သြဂုတ်လကုန်ပိုင်းတွင် ကနဦး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းတွင် ကျင်းပခဲ့သည်။ မဟာဗျူဟာဒီဇိုင်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လ ၂၅ ရက်နေ့တွင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ဦးဆောင်ကာ နေပြည်တော်၊ M Gallery Hotel တွင် ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန၊ အစိုးရများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဖရဲသခွား စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ လုပ်ငန်း ရှင်များ ပါဝင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် ဂျပန်ကျွမ်းကျင်ပညာရှင် Mr.Koji Kubo မှ တင်ပြသည့် Plan & Action တွင် ပါဝင်သင့်သည့် အချက်များ ၊ Vision ၊ Objectives များ အပေါ် ဝိုင်းဝန်း အကြံပြုသုံးသပ် ဆွေးနွေးကြပြီး အပြီးသတ်မဟာဗျူဟာရေးဆွဲရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိလာရန် မျှော်မှန်းထားကြောင်း သိရှိရသည်။

NES Unit